iStock Server Software ဖွင့် မရခဲ့ လျှင် စစ်ကြည့်ရမည် အချက် များ
Desktop ပေါ် ရှိ iStock Program ကို ဖွင့် မရခဲ့ လျှင်
(1)Server စက်ရှိ Microsoft Sql service Stop ဖြစ်နေ နိုင်ပါသည်။
(2)Server စက် ၏ Device Name ကို ပြောင်းလိုက်လျှင်လဲ Software ဖွင့်မရ ဖြစ်တတ်ပါသည်။
(3)Server စက် ရှိ iStock.Net.exe file Virus ကိုက်နေလျှင်လဲ Software ဖွင့် မရ ဖြစ်တတ်ပါသည်။
Microsoft Sql Service Stop ဖြစ်၊မဖြစ်ကို အောက် ပါ အတိုင်းစစ်ပေးရန် လိုအပ်ပါသည်။
- Keyboard တွင် ရှိသော “window key” + “R” ကိုနှိပ်ပါ။ ထို့နောက် “Run box” ကျလာပါမည်။ ထို့ box ၏ text field တွင် “services.msc” ကို ရိုက် ထည့်၍ “enter” (သို့) ok အားနှိပ်ပေးပါ။
- “services” ဟုသော window form ကျလာမည်။ ထို့နောက် name နေရာတွင် click တစ်ချက် ပေး၍ keyboard ပေါ် မှ “S” အားနှိပ် ပါ။ Name နေရာတွင် “SQL Server(MSSQLSERVER)” service မှာ running or started ဖြစ်မဖြစ် စစ်ကြည့်ရမည် ဖြစ်သည်။ ထိုသို့ စစ်ကြည့်ရာတွင် ထို့ Service title ရဲ့ Status column တွင် “Running” လေး ပေါ် နေရပါမည်။
- Status တွင် running မပေါ် ပဲ stop or blank ဖြစ်နေပါက ထို service များကို run ပေး ရမည် ဖြစ်ပါသည်။ ( ဘယ်ဘက် တွင် ရှိသော start အားနှိပ် ၍ ထို service များအား run ပေးပါ။)
- ထို job များကို ပုံမှန် run နေအောင် တစ်ကြောင်းချင်း ကို running status ပြန်ဖြစ်စေရန် SQL Server (MSSQLSERVER) , SQL Server Agent (MSSQLSERVER) ကို right click ထောက်ပြီး start ကို နှိပ် ပေးရပါမည်။
ထို့နောက် software အား အသုံးပြုနိုင်မည် ဖြစ်ပါသည်။ Software ပြန်လည် အသုံးပြုလို့ မရသေးလျှင် Galaxy Software Co.,Ltd (Hot Line များ) သို့ အကြောင်း ကြားပေးပါခင်ဗျာ ။
Server စက် ၏ Device Name ကို ပြောင်းလိုက်သဖြင့် Software ဖွင့်မရခဲ့လျှင်
- Desktop(ကွန်ပျူတာ မျက်နှာပြင်) တွင် “This PC” ကို တချက် click ၍ right click ကို နှိပ်ပါ။
- Pop up box လေးပေါ်လာပါက အောက်ဆုံး ရှိ properties ကို နှိပ်ပေးပါ။
- ထိုအခါ system ဟုသော window form တစ်ခုကျလာမည် ဖြစ်သည်။ ထို form တွင် Device name သည် iStock-svr (သို့) ပထမထားခဲ့သော name ဖြစ်နေရမည် ဖြစ်ပါသည်။
Device Name iStock-svr (သို့) ပထမထားခဲ့သော name မဖြစ်ခဲ့လျှင်
- Rename this PC ကိုထောက်ပြီး Device name ကို iStock-svr (သို့) ပထမထားခဲ့သော name ကို ပြန် change ပေးရမည် ဖြစ်ပါသည်။
- ထိုform ပေါ်ရှိ Current PC Name တွင် iStock-svr (သို့) ပထမထားခဲ့သော name ကို ရိုက်ပြီး Next ကိုနှိပ်ပေးရပါမည်။ ထိုနောက် စက်အား restart ချ ပေးပါ။
Device Name ကို မဖြစ်မနေပြောင်းလဲမည်ဆိုလျှင် Galaxy Software Co.,Ltd (Hot Line များ) သို့ အကြောင်း ကြားပေးပါခင်ဗျာ။