Have a Question?
< All Topics
Print

Barcode printer (TSC TTP 244 Pro) တွင်မှင်လိပ်နှင့် Label စက္ကူလိပ် တပ်ဆင်နည်း

Step 1.  Printer ဘေးနှစ်ဖက်တွင်ရှိသော စက်သွားလေးနှစ်ခုကို ဖိ၍ အဖုံးကိုဖွင့်ပါ။

Step 2. မှင်လိပ်တပ်ဆင်ရန် ဝင်ရိုးနှစ်ခုကို ဖြုတ်ပေးရပါမည်။ မှင်လိပ်ထိန်း ကတ္ထူလိပ်ကို ဝင်ရိုးတစ်ခု နှင့် တပ်ဆင်ပေးရမည်။ထို့နောက် မှင်လိပ်ကိုကျန်ဝင်ရိုး တစ်ခုနှင့်တပ်ဆင်ပေးရမည်။

Step 3. တပ်ဆင်ပြီးသော မှင်လိပ်နှင့်ဝင်ရိုးကို Printer တွင် ပြန်လည်တပ်ဆင်ပေးရမည် ။ ဝင်ရိုး ၏ကြီးသော အပိုင်းကို ညာဘက်တွင်ထား၍ ဘယ်ဘက်အခြမ်းမှ စတင်တပ်ဆင်ပေးရမည်။

Step 4.Lever ခလုတ်ကို အပေါ်သို့ ဆွဲတင်ခြင်းဖြင့် Printer Carriage ကို အပေါ်သို့ မ,တင်ထားပေးရမည်။

Step 5. Ribbon တံဆိပ်ညွှန်ပြထားသောမျှားအောက်မှ မှင်စာရွက်ကို ရှေ့သို့ ဆွဲထုတ် ၍ ရှေ့ဆုံးရှိ ဝင်ရိုးတွင် တိပ်ဖြင့်ကပ်၍ မှင်စာရွက် တင်းကျပ်သည် အထိ လှည့်၍လိပ်ပေးရမည်။

Step 6. ထို့နောက် မှင်လိပ်ထိမ်း ဝင်ရိုးနှစ်ခုနောက်တွင်ရှိသော စက္ကူလိပ်ထိမ်း ဝင်ရိုးကိုဖြုတ်၍ စက္ကူလိပ် ကို တပ်ဆင်ပြီး ဝင်ရိုးဘေးနှစ်ဖက်ပိတ်များတပ်ဆင်ပေးရမည်။

Step 7. Label စက္ကူလိပ်ကို printer တွင်တပ်ဆင်ပြီး မှင်လိပ်အောက်မှ စက္ကူငြိမ်အောင် ထိန်းပေးထားသော size adjustment နှစ်ခုကို Label စက္ကူ၏အကျယ်နှင့်ချိန်ညှိ၍ printer ရှေ့ဘက်သို့ ဆွဲထုတ်ပေးရမည်။

Step 8. Printer Carriage ကို နေရာကျရန် ပြန်လည်ဖိပေးရမည်။ Printer အဖုံးကို ပိတ်ပေးရမည်။ Printerကို Power on ပြီးလျှင် အစိမ်းရောင် LED မီးလင်းသည် အထိ Feed ခလုတ်ကို ဖိထားပေး ရမည်။ထို့နောက် Barcode code Printer ကိုစတင်အသုံးပြုနိုင်ပါသည်။

Finish !!!

Table of Contents