Have a Question?
< All Topics
Print

Cafe Client စက် Software ဖွင့်မရလျင် စစ်ဆေးရမည့်အချက်များ

1.ပထမဦးစွာ Computer များသည် network ကြိုးနှင့် ချိတ်ဆတ်ထားလျင် ကြိုးများ ကောင်းမကောင်း  network ကခေါင်းတပ်ထားသော Port များတွင် မီးလင်းမလင်း စစ်ဆေးပေးပါ။ WIFI နှင့် ချိတ်ဆတ်ထားလျင်လည်း  router ကောင်းမကောင် စစ်ဆေးပေးပါ။

2.Client စက်မှ window + R ကိုနှိပ်ပေးပါ။

3.Server စက်၏ Device Name ကို လှမ်းခေါ်ကြည့်ပါမည်။ ဥပမာ – မိမိ Server စက် Name သည် iStock-svr ဖြစ်လျင် ကျလာသော Box ထဲတွင် \\iStock-svr ကိုရိုက်ထည့်၍ OK နှိပ်ကြည့်ပါမည်။

Figure : 1

4.Figure – 2 ပုံအတိုင်းပေါ်လာလျင် Server စက်နှင့် Network မရတာဖြစ်ပြီး network ကြိုးနှင့် ချိတ်ဆတ်ထားလျင် ကြိုးများကိုလည်းကောင်း WIFI နှင့် ချိတ်ဆတ်ထားလျင် WIFI မိ မမိကို ပြန်လည်စစ်ဆေးပေးရပါမည်။

Figure : 2

5.Figure – 3 အတိုင်း မိမိ Server ပေါ်မှ Folder များ ပေါ်လာလျင် Network ချိတ်ဆတ်မိပါသည်။

Figure : 3

6.ထို့သို့ Network ချိတ်ဆတ်ရရှိသော်လည်း Client မှ Program ဖွင့်မရပါက ပထမဦးစွာ မိမိ Client စက်မှ Firewall on (or) off ကို စစ်ဆေးပေးပါ။

7.Windows + R ကို တွဲနှိပ်ပေးပါ

8.ကျလာသော Box ထဲတွင် Firewall.cpl ကိုရိုက်ထည့်ပါ။

Figure : 4

9.အောက်ပါအတိုင်း Windows Defender Firewall ကျလာပါမည်။

10.Windows Defender Firewall သည် ပုံပါအတိုင်း ကြက်ခြေခတ် ပုံစံ ဖြစ်နေရပါမည်။

11.ထို့သို့ မဖြစ်နေလျင် Windows Defender Firewall ကို ပိတ်ပေးရပါမည်။

Figure : 5

12.Windows Defender Firewall ကို ပိတ်ရန် Turn Windows Defender Firewall on or off ကို နှိပ်ပေးပါ။

Figure : 6

13.ထို့နောက် Turn Off ကို ရွေးပေးပြီး OK ကို နှိပ်ပါ။

Figure : 7

Server စက်တွင်လည်း No.6 မှ No.13 အထိ ထိုနည်းအတိုင်းပြုလုပ်ပေးရပါမည်။

14.Antivirus software များသည် network services များကို Kill လုပ်တတ်၍ software ဖွင့်မရ ဖြစ်တတ်ပါသည်။ ( Eg . Kaspersky )

15.Window Firewall off ဖြစ်နေပါလျက် ဖွင့်မရခဲ့လျင် Figure – 8 အတိုင်း server စက်၏ window search box တွင် SQL Configuration Manager ဟုရိုက်ဖွင့်၍ Name Pipe Services, VIA Services, IP Services များ enabled ဖြစ်မဖြစ်စစ်ဆေးပေးရပါမည်။

Figure : 8

16.Figure-9 အတိုင်း SQL Server Network Configuration ထဲမှ Protocols for MSSQLSERVER ကိုနှိပ်၍ ညာဘက်ရှိ Name Pipes, TCP/IP များ Disabled ဖြစ်နေလျှင် Figure-10 အတိုင်း Right click နှိပ်၍ enable ရွေးပြီး OK နှိပ်ပေးပါ။

Figure : 9
Figure : 10
Table of Contents